“ဘုရားသခင်ကို ပထမနေရာ၌ထားမည်”
“ကျွန်ုပ်သွားမည်” (I Will Go)
ကျွန်ုပ်တို့၏ မျှော်မှန်းချက် (Vision)
ဘုရားသခင်ကို အသက်တာ၏ ပထမနေရာ၌ အမြဲထားရှိပြီး ကိုယ်တော်၏ အလိုတော်နှင့်အညီ အသက်ရှင်သော ယုံကြည်သူများကို တည်ဆောက်ရန်။
ကျွန်ုပ်တို့၏ သာသနာပြုလုပ်ငန်းတာဝန် (Mission)
ဗျာဒိတ်ကျမ်း ၁၄:၆–၁၂ တွင် ဖော်ပြထားသော ကောင်းကင်တမန်သုံးပါး၏ သတင်းစကားကို ကြွေးကြော်ရာတွင် တုံ့ပြန်ပြီး ပံ့ပိုးကူညီရန် ဘဏ္ဍာစိုးဌာနသည် တည်ရှိပါသည်။
ထို့ပြင် လူသားတို့အား ဘုရားသခင်ကို အရာခပ်သိမ်း၏ ပိုင်ရှင်နှင့် ပြင်ဆင်ပေးတော်မူသော အရှင်အဖြစ် ယုံကြည်ကိုးစားရန် ဖိတ်ခေါ်လျက်၊ တက်ကြွသော သက်သေခံခြင်း၊
အမှုတော်ဆောင်ခြင်းနှင့် ဆယ်ဖို့တစ်ဖို့ (Tithe) နှင့် ပုံမှန်စနစ်တကျ အလှူငွေ (Offerings) ပေးလှူခြင်းတို့အားဖြင့် ကိုယ်တော်၏ နောက်ဆုံးသော သာသနာပြုလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နိုင်ရန် အားပေးလှုံ့ဆော်ပါသည်။
ကျွန်ုပ်တို့၏ ရည်မှန်းချက် (Goal)
နှစ်စဉ် နှစ်အစတိုင်းတွင် ဒေသခံအသင်းတော် အသင်းသားများအနက် နောက်ထပ် ၂% သည် ဆယ်ဖို့တစ်ဖို့နှင့် ပုံမှန်စနစ်တကျ အလှူငွေပေးလှူခြင်းတွင် ပါဝင်လာစေရန် ဖြစ်ပါသည်။
“ကျွန်ုပ်သွားမည်” ၏ ဦးစားပေးလုပ်ငန်း (4 Priorities)
- ဘုရားသခင်နှင့် မိသဟာယဖွဲ့ခြင်း
- ခရစ်တော်၌ ကိုယ်ပိုင်လက္ခဏာကို ဖော်ပြခြင်း
- သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် စည်းလုံးညီညွတ်ခြင်း
- အားလုံးအတွက် သာသနာပြုလုပ်ငန်း လုပ်ဆောင်ခြင်း

